အပြာရောင်မိုးကုတ်စက်ဝိုင်း

အဆုံးအစမသိတဲ့ဘ၀တွေထဲမှာခံစားမှုတို့ လွင့်မျောရာ........

Saturday, February 7, 2009

အမေ

အမေ့ကိုဖွဲ့ ဆိုဖို့ 
သား
စကြာဝဠာကြီးထဲထွက်ခဲ့တယ်။ ။
အကြီးမားဆုံး
အတောက်ပဆုံး
ကြယ်တံခွန်ကြီးတွေက
သား ကိုသနားကြတယ်။ ။
ခမ်းနားခြင်း
နက်ရှိုင်းခြင်း
ပင်လယ်ကြီးတွေက
သား အတွက်ဝမ်းနည်းနေကြတယ်။ ။
အေးအေးမြမြ
ပြည့်ပြည့်၀၀
လမင်းကြီးကလည်း
သားအတွက်ဂရုဏာသက်နေရှာရဲ့ ။ ။
တောအုပ်ကြီးတွေ
တောင်တန်းကြီးတွေ
ကောင်းကင် မြေပြင်
ကမ္ဘာတခွင်လုံး
အေမ့ဂုဏ္အလကာၤ
ခိုင်းနှိုင်းလောက်စရာ
သား
ဘာတခုမျှရှာမတွေ့ ပါလား။ ။
အမေ
အမေ
အမေ
အဲဒီလောက်
ခြောက်ခြောက်ကပ်ကပ်
သံသရာကြီးထဲမှာ
သား ကိုထားခဲ့ပြီလား။ ။

သုခမိန်လှိုင်

Tuesday, December 30, 2008

နာမည်

ကျနော့သားကမေးတယ်
ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားကကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။
အေး မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့.......
.....................................
အဲဒီလို အဲဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။
ဖေဖေ ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။
ကျနော့သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။
သားကဖအေထက်
ပိုပြီးတော်ရမယ်မဟုတ်လား။
ကျနော်ကသားကိုထမ်းလို့ 
ကျနော့ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။
ဖအေနဲ့ သား
လွမ်းမိတဲ့တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။

အေင်ဝေး(၁၉၉၉)

Saturday, November 22, 2008

တကိုယ်တော်

ဘ၀ကိုတခါတရံ
အပေါ်စီးကငုံ့ ကြည့်ရတော့လည်း
သိပ်မဆိုလှဘူးလို့ ထင်လာတယ်။
ဖျားနာမှူကိုမှမစားသောက်ရင်
တနေ့ တနေ့ ဘာလုပ်ရမှာလဲ။
မြစ်ဘေးကသစ်ပင်လို
သူများတွေစီးဆင်းနေတာကိုဘဲ
ငေးကြည့်နေချင်ပါရဲ့
ဒါမှမဟုတ်
ပိုက်ဆံတတ်နိုင်တဲ့အခါကျရင်
ရောဂါတခုခုရဲ့ နာမည်ကိုဝယ်ယူပြီး
ကိုယ့်ကိုယ်ကိုစိတ်ပူကြည့်နေချင်တယ်။
လူတွေက
တခါတခါလဆန်းလိုက်
တခါတခါလဆုတ်လိုက်နဲ့ 
သူတို့ရဲ့ စိတ်ဒီရေက
အတက်အကျရှုပ်လွန်းတော့လည်း
ကိုယ့်သဘောင်္ကိုယ်
ဘယ်လိုခုတ်မောင်းရမယ်မှန်း
မသိတော့ပြန်ဘူး။
ချောလဲရောထိုင်ကြေကွဲတတ်သူတွေမလာရ
ငါ့ဈာပနကို
ငါတယောက်တည်းချမယ်
လောလောဆယ်မှာ
လိုလိုမယ်မယ်
ငါစဉ်းစားကြည့်နေမိတာကတော့
အခုတည်ခင်းတဲ့ညစာကို
နာမည်ဘယ်လိုပေးရင်
ကောင်းမလဲဆိုတာကိုဘဲ။ ။
မင်းခိုက်စိုးစံ

သားချော့တေး

သားရေ
ငိုသံတွေကိုလမ်းခင်းပြီးမှ
မင်းရဲ့ နန်းတော်ကြီးဆီရောက်မယ်ဆိုရင်
အဲဒီလမ်းကိုမလျှောက်လေနဲ့ ။
မိုးလောက်ကြီးဘဲမြင့်ပါစေ
လူတွေရဲ့ ပခုံးကိုတက်နင်းပြီးမ
မင်းဘ၀အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်းမလှမ်းလေနဲ့ ။
မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်၊အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း
မင်းအကောင်အထည်မဖော်လေနဲ့ ၊
မသိနားမလည်သူ
လူတွေကိုလှည့်စားပြီးမ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း
မင်းမမက်မောလေနဲ့ ၊
ဒီလောကကြီးမှာ
သစ်သီးလေးတလုံးသီးဘို့ 
အချိန်တွေအများကြီးယူရတယ်
ပန်းလေးတပွင့် ပွင့်ဘို့ 
အဆင့်ဆင့်တည်ဆောက်ခဲ့ရတယ်
မြေနီလမ်းနဘေးက
တောပန်းကလေးတွေကအစကြင်နာပါ
ဒုက္ခရောက်သူကိုဖေးကူပါ
လူ့ သိက္ခာကိုစောင့်ရှောက်ပါ
အပစ်ကင်းမှုတိုင်းကိုချစ်ပါ
ရိုးသားဖြူစင်သူတွေကို
တဖက်သတ်အနိုင်ယူပြီးမှ
မင်းရဲ့သရဖူကိုရမယ်ဆိုရင်
အဲဒီ သရဖူကိုလည်း
မင်းလုံးဝမယူလေနဲ့ ။ ။
မိုးဃ်းဇော်